လွယ်ကူမြန်ဆန်ပြီးအရသာရှိတဲ့ ကြက်သားပလာတာဟင်းရည်လေးချက်ပါမယ်။ ဒီမှာချက်ဖူးတဲ့သူတွေကတော့ ကုလားပဲကိုပြုတ်ပြီး ကျိတ်ထည့်ရင် ပိုကောင်းပါတယ် ၊ ဝေဝေလေးကတော့ ပိုပြီးအလုပ်ရှုပ်မှာ စိုးရိမ်တဲ့အတွက် ပဲစိမ်းမှုန့်ပဲ သုံးလိုက်ပါတယ်ရှင့်။
ပါဝင်ပစ္စည်းများ ( The ingredients )👇
၁။ ကြက်သား ရင်ပုံသား (or) ကြိုက်နှစ်သက်ရာ
၂။ ပဲမှုန့်အစိမ်း
၃။ ပလာတာ
၄။ ငါးငံပြာရည်
၅။ ပဲငံပြာရည်
၆။ နနွင်းမှုန့်
၇။ ငရုတ်သီးအစိမ်းနုမှုန့်
၈။ ကြက်သားမှုန့် (or ) ကြိုက်နှစ်သက်ရာဟင်းခတ်မှုန့်
၉။ ကြက်သွန်ဖြူ / ဂျင်း / ကြက်သွန်နီ
၁၀။ ဂေါ်ဖီ တစ်စိတ်
၁၁။ ပူဒီနံရွက်
၁၂။ ငရုတ်သီးစိမ်း
၁၃။ သံပုရာသီး
၁၄။ ငရုတ်သီးအကျက်မှုန့် အလှော်မှုန့်
၁၅။ မဆာလာ
၁၆။ ငရုတ်ကောင်းမှုန့်
How to prepare before you cooking 🍛
👉ရှေးဦးစွာ ကြက်သားတွေကို အတုံးသေးသေးလေးတွေတုံးပြီး အရောင်တင်မှုန့် တစ်ဇွန်း၊ ကြက်သားမှုန့်၊ နနွင်းမှုန့်အနည်းငယ် မဆလာအနည်းငယ် ၊ ငရုတ်ကောင်းမှုန့် ထည့်ပြီး နယ်နှပ်ထားရပါမယ် ( ကြက်သား ၁၀၀၀ ဖိုးသုံးထားပါတယ် )။
👉ကြက်သွန်နီ ၂ ဥ ကို ပါးပါးလေး လှီးထားပါ ၊ ဂျင်းလက်တစ်ဆစ်ခန့် ကြက်သွန်ဖြူ ၂ တက်ကိုရောထောင်းထားပါ။
👉ပဲစိမ်းမှုန့် ၄ ဇွန်းကို ရေတစ်လီတာ (ရေသန့်ဗူးတစ်ဗူး) ဖျော်ထားပါ။
👉ဂေါ်ဖီ / ပူဒီနံရွက် / ငရုတ်သီးစိမ်း / ပလာတာ အချပ်တို့ကိုလှီးဖြတ်ထားပါ ဒါမှသာ ဟင်းရည် ရလာရင် တခါတည်းထည့်စားလို့ ရပါမယ်။



 
ထောင်းပြီးသား ဂျင်း ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီကို ဆီသတ်ပါမယ်

 
အနံ့မွှေးလာတဲ့အခါ နှပ်ထားတဲ့ကြက်သားကို ထည့် အာလူးကိုထည့်ပြီး အသားကျက်လာတဲ့အထိချက်ပါမယ် ကြက်သားရင်ပုံသား တစ်ထောင်ဖိုးသာသုံးထားပါတယ်ရှင်


ပြီးရင် ငါးငံပြည်ရည် ၄ဇွန်းခန့် ကြက်သားမှုန့် ၁ဇွန်း + ပဲငံပြာရည် ၃ ဇွန်း


ထို့နောက် ပဲအစိမ်းမှုန့် ၄ ဇွန်း ရေတစ်လီတာနဲ့ ဖျော်ထားတာကိုလောင်းထည့်ပါ ဒီနေရာမှာ သတိထားရမှာက ဟင်းရည်မဆူမပွတ် ခြင်း အဆက်မပြတ်မွှေပေးရပါမယ်နော် ဟင်းရည်ဆူပွက်လာရင် အရသာမြည်းစမ်းပြီး ကြက်သားမှုန့် သို့မဟုတ် ဟင်းခတ်မှုန့်နဲ့ ပြင်ဆင်ပါ India မဆာလာတစ်ထုတ်ဖောက်ထည့်ပါမယ် ဟင်းရည်ပြစ်လာတဲ့အထိ ချက်ဖ််ု့လိုပါမယ် ပြီးရင် ပွဲပြင်ပြီးသုံးဆောင်လို့ရပါပြီရှင်





ပလာတာ ၃ ချက်ကို အလွယ်တကူ လက်ဖက်ရည်ဆိုင်က ဝယ်လာတာပါ ကြိုက်နှစ်သက်ရာ ready made ပလာတာလည်းပိုကောင်းပါတယ်
ကျေးဇူးတင်ပါတယ်ရှင့်

Comments